• demo 
     
  • demo
     
  • demo
     
  • demo
     
  • demo
     

Warning

JFolder: :files: Path is not a folder. Path: /var/www/fisher/images/indawgyi

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery plugin tags exists and contains valid image files. The plugin could not locate the folder: images/indawgyi

အကြံပြုစာ/တိုင်ကြားစာများပေးပို့နိုင်ပါသည်

နိဒါန်း

၁။        မြန်မာနိုင်ငံ၏ငါးနှင့် ရေလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့်သယံဇာတများ ထိန်းသိမ်း ကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်း များပိုမိုရရှိရေး၊ ကျေးလက်စီးပွားဖွံ့ဖြိုးပြီး ဆင်းရဲမှုလျော့ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြီးပြည့်စုံသော ငါးလုပ်ငန်းတက္ကသိုလ်ကြီးဖွင့်လှစ်ပေးရန် (၂၈-၈-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ချက်အရ ငါးလုပ်ငန်း တက္ကသိုလ်တည်ထောင်နိုင်ရေးအတွက်  သက်ဆိုင်သူများ အားလုံးပါဝင်သည့် အကြံပြုဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

 

Continue Reading

{gallery}indawgyi{/gallery}

 ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်

Ø  နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိကန်ရေများ ရေငွေ့ပျံပြီး ရေလျော့နည်း ကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထား သောငါးများကို အစားကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း၊ ရေထု ညစ်ညမ်းပြီး ဆက်စပ်၍ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓါတ်ထည့်သွင်းခြင်းနှင့် ငါးအစာ အလွန်အကျွံကျွေးခြင်းကို လျော့ချရန်။

Ø  နံနက်ပိုင်း မိုးအုံ့သောရက်၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသောရက်များတွင် ငါးများ ခေါင်းထောင်လျှက်ကူးခတ်ခြင်း၊ ကမ်းစပ်သို့စုပြုံလာခြင်းမျိုးရှိပါကငါးမွေးမြူကန်သည် အောက်ဆီဂျင် လျော့နည်းမှုဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များ မောင်းပေးခြင်း၊ မွေးမြူကန်အတွင်းလှေလှော်ပေးခြင်း စသည့်နည်းလမ်းများ ရေတွင် ပျော်ဝင် အောက်ဆီဂျင် မြင့်တက်စေရေးဆောင်ရွက်ပေးရန်။

Ø  ငါးမွေးမြူရေးကန်များ နေအပူချိန်လွန်ကဲမှုကြောင့်ရေခမ်းလာပါက သန့်ရှင်းသောရေသစ်များ ဖြည့် သွင်းပေးရန်။

Ø  ရေသစ်သွင်းရန် အခက်အခဲရှိပါက မွေးမြူထားသော ငါးများကို အရေအတွက် လျော့ချ မွေးမြူရန်။

Ø  အပူချိန်ပြင်းပြသည့်အချိန်များဖြစ်သည့် နေ့လည်ပိုင်းတွင် ငါးများကန်ပြောင်းရွှေ့ခြင်း မပြုရန်။

Ø   ကန်ရေအရောင်အသွေးသတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း (၂၅-၄၀)စင်တီမီတာ အတွင်းရှိနေစေရန် (မိမိလက်ကိုတံတောင်ဆစ်အထိရေတွင်နှစ်၍ လက်ဝါးကိုဖြန့်ပါကခပ်ရေးရေးမြင်ရသော အခြေအနေ ရှိရပါမည်)။

Ø  ကန်ရေအပူချိန်မြင့်မားသော အချိန်များတွင် ရေထုညစ်ညမ်းမှုဖြစ်စေသည့် ကဇော်ဖတ်၊ ဝါးဇော်ဖတ် များကျွေးခြင်းကို ရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးရန်။

Ø  အစာကျွေးပြီးပါက အစာကျန်များရှိ/မရှိကို ပုံမှန်စစ်ဆေးရန်။

Ø  မွေးမြူရေးကန်အား လိုအပ်ပါက ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့် သိုလှောင်သည့် အရန်ကန်စီစဉ်ထားရှိပြီး ရေများ ရနိုင်သမျှသိုလှောင်ထားရန်။

Ø  ကန်အ​ခြေအနေနှင့် ရေအရည်အသွေးပြောင်းလဲမှုအခြေအနေများကို နေ့စဉ်နံနက် (၆) နာရီ၌ ပုံမှန် စစ်ဆေးရန်။

Ø  ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲခြင်းမျိုးများဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါက အနီးဆုံးငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

Announcements

Vision

Sustainable development of fisheries sector for food security, improvement of the socio-economic of rural people and contribution to the economic development of the nation based on fisheries industry.

 

Policy

Ensuring  food  security,  food  safety  and  sustainable  development  of fisheries  sector  by  conservation  of  fisheries  resources  in  accordance  with  the fisheries laws.

Department of Fisheries

+49 555 000 000
hello@gmail.com
support@gmail.com