• Home
  • Fishery University

Fishery University

နိဒါန်း

၁။        မြန်မာနိုင်ငံ၏ငါးနှင့် ရေလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့်သယံဇာတများ ထိန်းသိမ်း ကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်း များပိုမိုရရှိရေး၊ ကျေးလက်စီးပွားဖွံ့ဖြိုးပြီး ဆင်းရဲမှုလျော့ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြီးပြည့်စုံသော ငါးလုပ်ငန်းတက္ကသိုလ်ကြီးဖွင့်လှစ်ပေးရန် (၂၈-၈-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ချက်အရ ငါးလုပ်ငန်း တက္ကသိုလ်တည်ထောင်နိုင်ရေးအတွက်  သက်ဆိုင်သူများ အားလုံးပါဝင်သည့် အကြံပြုဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

 

ရည်ရွယ်ချက်

၂။         ငါးလုပ်ငန်းတက္ကသိုလ်ထူထောင်ရန်အတွက် သက်ဆိုင်သောအဖွဲ့အစည်းများမှ ပညာရှင်များနှင့် အောက်ပါကိစ္စရပ်များနှင့်ပတ်သက်သည့် အကြံပြုချက်များကိုရယူ၍ အမြန်ဆုံး စတင်နိုင်ရန် ရည်ရွယ် ပါသည်-

(က)     ငါးလုပ်ငန်းတက္ကသိုလ်ကြီး ထူထောင်ရန်အတွက် သင့်လျော်သည့်နေရာနှင့် ဖွဲ့စည်းပုံ လုပ်ငန်းစဉ်အဆင့်ဆင့် သတ်မှတ်ရန်၊

(ခ)       ငါးလုပ်ငန်းတက္ကသိုလ်ကြီးတွင် ပေးအပ်မည့် ဘွဲ့များနှင့် သင်ကြားမည့် ဘာသာရပ် သင်ရိုးညွှန်းတမ်းများ၊ လိုအပ်သော ဆရာ/ဆရာမစုစည်းမှုတို့အား သတ်မှတ်ရန်၊

(ဂ)       ငါးလုပ်ငန်းတက္ကသိုလ်ကြီးတွင် လိုအပ်မည့် အခြေခံအဆောက်အဦများ၊ အထောက် အကူပြုပစ္စည်းကိရိယာများ (ကုန်ကျစရိတ်အပါအဝင်) သတ်မှတ်ရန်၊

(ဃ)     ငါးလုပ်ငန်းဦးစီးဌာန၏လက်ရှိဆောင်ရွက်နိုင်မည့်အခြေအနေပေါ်တိုးချဲ့ဆောင်ရွက် သွားနိုင်မည့်အစီအမံများ သတ်မှတ်ရန်၊

 

အစည်းအဝေးတက်ရောက်သူများ

၃။        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်သော တက္ကသိုလ် များ၊ ဦးစီးဌာနများမှ ဦးဆောင်သူအကြီးအကဲများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ အငြိမ်းစား/ ဌာနတွင်း ပညာရှင်များ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းနှင့် သက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ၊ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများစသည့်နယ်ပယ်အသီးသီး မှ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ( တက်ရောက်သူများစာရင်းအား ပူးတွဲ (က)ဖြင့် တင်ပြအပ်ပါသည်။ )

 

 

 

အစီအစဉ် (၁)  ပြည်ထောင်စုဝန်ကြီး၏ အမှာစကားပြောကြာခြင်း

၄။        ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ ရုံးအမှတ် (၃၆) ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သော“ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်(Fishery University) တည်ထောင်နိုင်ရေးအတွက် အကြံပြုဆွေးနွေးပွဲ” ဖွင့်ပွဲ အခမ်းအနား၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ အမှာစကားပြောကြားရာတွင် ကြွရောက်လာကြသည့် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားလွှတ်တော်မှကိုယ်စားလှယ်များ၊ ပညာရေးနယ်ပယ်မှပါမောက္ခချုပ်၊ပါမောက္ခများနှင့် တာဝန် ရှိသူများ၊ ငါးလုပ်ငန်းကဏ္ဍနှင့်ဆက်စပ်နေတဲ့ အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြသူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ ကြောင်း ဦးစွာနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

၅။        ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားရာတွင် အကြံပြုဆွေးနွေးပွဲ ကျင်းပရတဲ့ အကြောင်းရင်းကတော့- မြန်မာနိုင်ငံရဲ့ ငါးလုပ်ငန်းကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနဲ့ ရေသယံ ဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေး၊ အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်လူမှု့စီးပွားဘဝဖွံ့ဖြိုးပြီး ဆင်းရဲမှုလျှော့ချ ရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများနဲ့ လူသားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ် (Fisheries University)တစ်ခု ဖွင့်လှစ် ပေးဖို့ (၂၈-၈-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်း အဝေး အတည်ပြုဆုံးဖြတ်ခဲ့တဲ့အတွက် ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ် (Fisheries University) ဖွင့်လှစ် နိုင်ရေးအတွက် အကြံပြုဆွေးနွေပွဲကျင်းပရခြင်းဖြစ်ပါကြောင်း

၆။        ဆွေးနွေးပွဲမှာ ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများနဲ့ လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်နိုင်စေရန် ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ် ( Fisheries University ) တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနကိုယ်စားလှယ်များနဲ့ ပညာရှင်များပါဝင်ပြီး ပွင့်ပွင့် လင်းလင်းနဲ့ အကြံပြုဆွေးနွေးသွားကြဖို့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဟာ ၂၈၃၂ စတုရန်းကီလိုမီတာ ရှည်လျားတဲ့ပင်လယ်ကမ်းရိုးတန်းကိုပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်းဒေသတစ်လျှောက် အဏ္ဏဝါငါးသယံ ဇာတထုထည်တည်ရှိမှုမှာလည်း (၁.၇၉၅) မက်ထရစ်တန်ချိန်သန်းပေါင်းနဲ့ အမြင့်ဆုံးထုတ်ယူ သုံးစွဲနိုင် မှု မှာတော့ တစ်နှစ်လျင်၁.၀၅မက်ထရစ်တန်သန်းပေါင်းဖြစ်ပါကြောင်း၊ ထို့အတူ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်စသည့်မြစ်ကြီးများကလည်း မြန်မာနိုင်ငံ၏ ကုန်တွင်းပိုင်း ငါးသယံဇာတ ပေါကြွယ်ဝမှုအတွက် အဓိက အထောက်အကူပေးလျက်ရှိပါကြောင်း

၇။        ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးသယံဇာတများ ရေရှည်ထုတ်ယူအသုံးချနိုင်ရေးကို ရှေးရှုသော သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရည်မှန်းချက်ထားရှိပြီးတော့ လက်ရှိမှာ သဘာဝသယံဇာတ များ ပေါကြွယ်ဝတဲ့ မြန်မာ့ပင်လယ်ပြင်၌ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေကြသော

 

ရေလုပ်သားများအား ခေတ်မီနည်းစနစ်ကျသော ငါးလုပ်ငန်းဆိုင်ရာပညာရပ်များ၊ တတ်မြောက်စေရန် အတွက် လေ့ကျင့်ပညာပေးရန်၊ ပညာပေးတတ်မြောက်မှုကြောင့် မြန်မာ့ပင်လယ် ငါး၊ ပုစွန်ထုတ်လုပ်မှု တိုးတက်လာစေရန်၊ ငါး၊ပုစွန်ရေထွက်ပစ္စည်းများ အရည်အသွေးပြည့်မီစွာ ဈေးကွက်သို့တင်ပို့ရောင်းချ နိုင်ရန်၊ ရေလုပ်သားများ၏လူနေမှုဘဝမြှင့်တင်ပေးရန် ဆောင်ရွက်လျက်ရှိပြီး ပုစွန်ထုတ်လုပ်မှု ပမာဏ နှင့် အရည်အသွေးတိုးတက်မှုကြောင့် ပြည်တွင်းစားသုံးမှုပိုမိုဖူလုံစေမည့်အပြင် ပြည်ပဈေးကွက်သို့ ပိုမို တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ နိုင်ငံတော်၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး ပိုမိုစနစ်ကျသောငါးလုပ်ငန်းကြီးကြပ်ကွပ်ကဲစီမံထိန်းသိမ်းမှုကိုအထောက်အကူပြုဆောင်ရွက်လျက်ရှိပါ ကြောင်း

၈။        လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များဖွံ့ဖြိုးတိုးတက်လာစေရန် ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) (၁၉၈၃)၊ အထက် မြန်မာပြည်ငါးလုပ်ငန်းသင်တန်းကျောင်း (စစ်ကိုင်း) (၂၀၀၄)၊ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ဖျာပုံ) (၂၀၀၆) တို့အား ဖွင့်လှစ်ထားရှိပြီး ငါးဖမ်းသင်္ဘောသားသင်တန်း၊ ငါးဖမ်းရေယာဉ်ပဲ့နင်းသင်တန်း၊ ငါးပုစွန်ပြုပြင်စက်ရုံလုပ်သားသင်တန်း၊ အအေးခန်းစက်ရုံကြီးကြပ်ရေးမှူးသင်တန်း၊ ငါးဖမ်းကိရိယာ ပြုပြင်သင်တန်း၊ ငါးဖမ်းကိရိယာကျွမ်းကျင်သင်တန်း၊ လုပ်ငန်းခွင်သင်တန်း(ဝန်ထမ်း)၊ လုပ်ငန်းခွင် စွမ်းရည်မြှင့်တင်ရေးသင်တန်း၊ငါးလုပ်ငန်းစစ်ဆေးရေးမှူးသင်တန်းစသည့်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းများအား နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNDP, FAO, DANIDA စသည့် နိုင်ငံ တကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီးတော့ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ငါးလုပ်ငန်း ဆိုင်ရာ အဆင့်မြင့်ပညာရပ်များသင်ကြားတတ်မြောက်ရန်အတွက်လည်း ဌာနတွင်းဝန်ထမ်းများအား တက်ရောက်သင်ကြားစေခဲ့ရာ ပြည်တွင်းပါရဂူဘွဲ့ (Ph.D) (၄) ဦး၊ ပြည်ပနိုင်ငံများရှိ တက္ကသိုလ်အသီး သီးသို့ ပါရဂူဘွဲ့ (Ph.D) ၊ မဟာသိပ္ပံဘွဲ့ (M.Sc) ၊ သိပ္ပံဘွဲ့ (B.Sc) တက်ရောက်ပြီးသူ (၂၂ )ဦးရှိပြီး တက်ရောက်ဆဲမှာ (၇)ဦး ရှိပါကြောင်း

၉။        နိုင်ငံတကာမှာ ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ် (Fisheries University )၊ Institute, Science, Faculty စသည့်ဖြင့် အမျိုးမျိုးဖွင့်လှစ်တည်ထောင်ပြီး ငါးလုပ်ငန်းဆိုင်ရာပညာရပ်များကို သင်ကြား ပို့ချပေးနေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ကျွန်တော်တို့ရဲ့အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် Kasetsart University ​အောက်မှာ ပထမဆုံးသော Faculties လေးခုအနက် Faculty of Fishery ကို ၁၉၄၃ ခုနှစ်ကတည်း ဖွင့်လှစ်ထားရှိပြီး Aquaculture, Fishery Biology, Fishery Management, Fishery Product နဲ့ Marine Science စသည့်ဘာသာရပ်တွေကို သင်ကြားပို့ချပြီးDegree အနေနဲ့  Undergradute နဲ့  Post gradulate level ​ကိုပေးပါကြောင်း

၁၀။      အိန္ဒိယနိုင်ငံမှာဆိုရင် ၁၉၅၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ငါးလုပ်ငန်းပညာရေး ကော်မတီ (Fisheries Education Committee) ၏အကြံပြုချက်အရ အမျိုးသားအဆင့် ငါးလုပ်ငန်း အတတ်သင်သိပ္ပံ(၂)ခုဖြစ်သည့် Central Institute of Fisheries Education- CIEF ကို ဘုံဘေမြို့

တွင် ၁၉၆၁ ခုနှစ်၌တည်ထောင်ခဲ့ပြီး၊ ကိုချင်မြို့တွင်  Central Institute of Fisheries, Nautical and Engineering Training- CIFNET ကို ၁၉၆၃ ခုနှစ်၌ စတင်တည်ထောင်၍ ငါးလုပ်ငန်းဖွံ့ဖြိုး

တိုးတက်ရေးအတွက်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ ငါးလုပ်ငန်းအတတ်သင်သိပ္ပံများမှစတင် သင်ကြားပေးခဲ့ပြီး ငါးလုပ်ငန်းဆိုင်ရာ သယံဇာတအရင်းအမြစ်နှင့် ဒေသဆိုင်ရာအစိုးရ၏ လိုလား ချက်အပေါ်မူတည်၍ ကောလိပ်၊ တက္ကသိုလ်အဆင့်များသို့ တိုးချဲ့ဖွင့်လှစ်ခဲ့သည်ကို တွေ့ရှိရမှာ ဖြစ်ပါ ကြောင်း

၁၁။      မြန်မာနိုင်ငံမှာငါးလုပ်ငန်းဆိုင်ရာသုတေသနလုပ်ငန်းများ၊ ငါးလုပ်ငန်းဆိုင်ရာသုတေသနလုပ်ငန်း များ၊ ငါးနှင့် ရေသယံဇာတထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်လာစေရေး၊ အလုပ်အကိုင်၊ အခွင့်အလမ်းများပေါ်ပေါက်လာစေပြီး ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို အထောက်အကူပြုမည့် ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်(၁)ခု ပေါ်ပေါက် လာစေရေးအတွက် မည်ကဲ့သို့သောနည်းလမ်းများဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်သင့်သည် ကို အကြံပြုဆွေးနွေးကြစေလိုပါကြောင်း၊ ကျွန်တော်တို့နိုင်ငံနှင့် သင့်လျော်သည့် နည်းလမ်းကောင်း (၁)ခု ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ Fisheries University  သည် နိုင်ငံတိုင်းမှာ မရှိ ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသို့ အကြံတောင်းခဲ့ပါကြောင်း၊ Fishery Faculty သာစတင် လေ့ကျင့်သင့်ပြီး Fisheries University အတွက် အချိန်တစ်ခုယူရဦးမှာဖြစ်ပါကြောင်း၊ အဆင့်အတန်း မမီတဲ့ တက္ကသိုလ်ဖြစ်မှာကိုစိုးရိမ်ပါကြောင်း၊ မိမိအနေဖြင့် ကမ်းရိုးတန်းမှာရှိတဲ့ တက္ကသိုလ်များကို ရောက်ခဲ့ပြီး ငါးနှင့်သက်ဆိုင်သည့်တက္ကသိုလ် တစ်ခုပဲ ရောက်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် Infrastructure ပိုင်းလည်း အကုန်အကျများမှာ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံမှာတော့ ချက်ချင်းတည် ထောင်လို့ရပြီး၊ ပြည်ပပညာရှင်များကိုလည်း ငှားရမ်းနိုင်ပါကြောင်း၊ နိုင်ငံအနေဖြင့် ဒီလောက်မလုပ်နိုင် သေးတဲ့အတွက် Step by Step သွားရမှာ ဖြစ်ပါကြောင်း၊ ရှိပြီးသားအရင်းအမြစ်မှ ပညာရှင်များအနေ ဖြင့် ဘယ်လိုဆောင်ရွက်သွားနိုင်မလဲ စဉ်းစားရန်လိုအပ်ပါကြောင်း၊ ပညာရေးမှာတော့ တြိဂံပုံ ဆောင်ရွက်နေပါကြောင်း၊ အောက်ဆုံးမှာ Handicraft အဆင့်၊  အလယ်မှာ Vocational အဆင့်၊ အပေါ်ဆုံးမှာ Higher education အဆင့်တို့ ဖြစ်ပါကြောင်း၊ မိမိတို့ပိုင်ဆိုင်တဲ့ကမ်းရိုးတန်းဟာ ရှည်လျားတဲ့အတွက် စီးပွားရေးအကွက်အကွင်းရှိပါကြောင်း၊ ဉာဏ်ရည်မှီပြီး အဆင့်အတန်းမြင့်မားတဲ့ သူများရှိသလို တည်ထောင်မည့်တက္ကသိုလ်သည်လည်း အဆင့်မြင့်တဲ့တက္ကသိုလ်ပဲဖြစ်စေချင်ပါကြောင်း၊ Plan တစ်ခုဖြစ်လာအောင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေချင်ကြောင်း ပြောကြားခဲ့ပါသည်။

 

အစီအစဉ် (၂) ဆွေးနွေးပွဲတက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခြင်း

၁၂။      ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး၌ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း)၊ ဧရာဝတီတိုင်းဒေသကြီး၌ ငါးလုပ်ငန်းသင်တန်းကျောင်း (ဖျာပုံ)၊ စစ်ကိုင်းတိုင်းဒေသကြီး၌ အထက်မြန်မာပြည်ငါးလုပ်ငန်းသင်တန်းကျောင်း (စစ်ကိုင်း)တို့အား ဖွင့်လှစ်ထားရှိပြီး အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖေါက်သင်တန်း၊ ရေချို/ရေငန်ပုစွန်

 

သားဖေါက်သင်တန်း၊ ငါးဖမ်းနည်းစနစ်နှင့် ငါးဖမ်းကရိယာအသုံးချနည်းသင်တန်း၊ အခြေခံငါးဖမ်း သင်္ဘောသားသင်တန်း၊ ငါး/ပုစွန်ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်း သင်တန်း၊ ငါးပုစွန်ပြုပြင်စက်ရုံများတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ လက်တွေ့

လုပ်ငန်းခွင်သင်တန်း၊လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း စသည်တို့ကို ဌာနတွင်း ကျွမ်းကျင်သူများဖြင့် ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိရာ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်တွင် သင်တန်း အမျိုးအစား (၁၁) ခုမှ သင်တန်း ( ၃၇) ကြိမ်နှင့် စုစုပေါင်း သင်တန်းသား/သူ (၁၀၆၅) ဦးကို သင်တန်း ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းများမှာ ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် လုပ်ငန်းလိုအပ်ချက်အရ အချိန်တိုပေးခဲ့ရသည့် လုပ်ငန်းခွင်သုံးနည်းစနစ်နှင့် လုပ်ဆောင်ချက်များကို အခါအားလျော်စွာ အထိုက် အလျောက်သင်ကြားပို့ချသည့် လုပ်ငန်းခွင်ဝင် Ad-hoc သို့မဟုတ် Vocational Training များသာ ဖြစ်ပါကြောင်း

၁၃။      နိုင်ငံတကာနှင့် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊  အာဆီယံ ဒေသ အတွင်း ငါးလုပ်ငန်းကို နိုင်ငံလူမှုစီးပွားရေးအား အဓိကလုပ်ဆောင်နေကြသည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများတွင် Faculty များ ထူထောင်ထားရှိကြပါသည်။ အဆိုပါ Faculty များတွင် မစ္ဆဗေဒနှင့်ငါးမွေးမြူနည်း၊ ငါးဖမ်းနည်းပညာဘာသာရပ်၊ ငါးလုပ်ငန်းနှင့်ဆက်နွယ်​ေသာ နည်းပညာ၊ စီမံခန့်ခွဲမှု၊ စီးပွားရေးဆိုင်ရာဘာသာရပ်၊ ငါးလုပ်ငန်းဆိုင်ရာမဟာဘွဲ့ နှင့် ပါရဂူဘွဲ့ များ ပေးအပ်နိုင်သည်အထိ အဆင့်မြင့်ငါးလုပ်ငန်းတက္ကသိုလ်များ ထူထောင်ထားရှိကြပါသည်။  မြန်မာနိုင်ငံ တွင်မူ မော်လမြိုင်တက္ကသိုလ်၊ပုသိမ်တက္ကသိုလ်နှင့်မြိတ်တက္ကသိုလ်တို့တွင် အဏ္ဏဝါသိပ္ပံအထူးပြုဘာသာ ရပ်များကိုသာ သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့များ ပေးအပ်ပို့ချပေးနိုင်ခဲ့ပါကြောင်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနအနေနှင့် ငါးသယံဇာတများရေရှည်တည်တံ့ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ငါးလုပ်ငန်းဆိုင်ရာ အသိအမြင်နှင့် ပညာရပ်များပြန့်ပွားရန်၊ ငါးလုပ်ငန်း စီမံခန့်ခွဲမှုများ စနစ်တကျရှိစေပြီး နိုင်ငံတကာစံချိန်စံနှုန်းများ၊ ခေတ်မှီ နည်းစနစ်လုပ်ထုံးလုပ်နည်းများ နှင့်အညီ စီမံခန့်ခွဲဆောင်ရွက်နိုင်စေရန်၊ ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများကို ဒေသတွင်းအခြားနိုင်ငံများနှင့် တန်းတူဆောင်ရွက်နိုင်စေရန် မြန်မာနိုင်ငံငါးကဏ္ဍကို စဉ်ဆက်မပြတ် ထုတ်လုပ်သုံးစွဲစေရန်နှင့် စီမံခန့်ခွဲအုပ်ချုပ်သူများ၊ ပညာရှင်များ၊ လုပ်ငန်းကျွမ်းကျင်သူများ၊ ဝန်ထမ်း ကောင်းများကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် ငါးလုပ်ငန်းတက္ကသိုလ်တစ်ခုကိုဖွင့်လှစ်ရန် လိုအပ်လျက် ရှိပါကြောင်း

၁၄။      ငါးလုပ်ငန်းတက္ကသိုလ်ထူထောင်ဖွင့်လှစ်နိုင်ခြင်းဖြင့် မြန်မာ့အဏ္ဏဝါနှင့်ကုန်းတွင်းပိုင်း ရေနေသယံ ဇာတများကို စနစ်တကျ ထုတ်ယူသုံးစွဲနိုင်မည့် ငါးလုပ်ငန်းဆိုင်ရာ ပညာဗဟုသုတ ကြွယ်ဝသည့် မျိုးဆက်သစ်ပညာတတ်ဝန်ထမ်းငယ်များကိုမွေးထုတ်နိုင်ခြင်း၊ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ရေလုပ်သားများသို့ ငါးဖမ်းဆီးခြင်း၊ ငါးမွေးမြူခြင်း၊ ပြုပြင်စီမံထုတ်လုပ်ခြင်းများကို

စနစ်တကျပညာပေးဖြန့်ဝေနိုင်ခြင်း၊ ရေလုပ်သားများမှလည်း ရေလုပ်ငန်းဆိုင်ရာကုန်ထုတ်လုပ်ငန်း ကြီးများကို နိုင်ငံတကာစျေးကွက်နှင့်အညီ ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် ရရှိ၍ ၄င်းတို့၏ လူမှုစီးပွားရေးအခြေအနေများ တိုးတက်မြင့်မားလာခြင်း၊ အဆင့်မြင့်နည်းပညာများကို

 

စမ်းသပ်ရှာဖွေနိုင်ခြင်း၊ သုတေသနလုပ်ငန်းရပ်များကို ငါးလုပ်ငန်းဘာသာရပ်များအလိုက် ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ ငါးလုပ်ငန်း

သယံဇာတများနှင့် ပေါ်ကြွယ်ဝမှုတို့ကို စနစ်တကျထုတ်လုပ်သုံးစွဲနိုင်ခြင်း၊ ဤသို့ဖြင့် တိုင်းပြည်၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာခြင်း စသည့်အကျိုးကျေးဇူးများကို ရေရှည်ခံစားရရှိမည် ဖြစ်ပါကြောင်း

၁၅။      ယခုအခါ နိုင်ငံတော်ကလည်း အမှန်တကယ်လိုအပ်နေပြီဖြစ်သော မြန်မာနိုင်ငံတွင် ငါးလုပ်ငန်း တက္ကသိုလ်ကြီးထူထောင်ရန် ခွင့်ပြုခဲ့ပြီးဖြစ်သောကြောင့် အဆိုပါ ငါးလုပ်ငန်းတက္ကသိုလ်ကြီး ပေါ်ထွန်း လာစေရန် လက်ရှိအခြေအနေများကိုအခြေခံ၍ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် သက်ဆိုင်သည့်အဖွဲ့အစည်းများမှ အတွေ့အကြုံရှိပြီး ပညာရှင်များ၏ အကြံဉာဏ်ရယူကာ စတင် အကောင်အထည်ဖော်နိုင်ရန်အတွက် ဤဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မျှော်မှန်း ရလဒ်များမှာအောက်ပါအတိုင်းဖြစ်ပါကြောင်းနှင့် ဆွေးနွေးမည့်အစီအစဉ်များအား ရှင်းလင်းပြောကြား ခဲ့ပါသည်

(က)     ငါးလုပ်ငန်းတက္ကသိုလ် ဖွင့်လှစ်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် သတ်မှတ်နိုင်မည်။

(ခ)       ငါးလုပ်ငန်းတက္ကသိုလ်တွင် ပေးအပ်မည့်ဘွဲ့များနှင့် သင်ရိုးညွှန်းတမ်းများ သတ်မှတ် နိုင်မည်။

(ဂ)       ငါးလုပ်ငန်းတက္ကသိုလ် လုပ်ငန်းစဉ်အဆင့်ဆင့်တွင်  ဖွဲ့စည်းပုံ၊ ဝန်ထမ်းလိုအပ်ချက်၊ ရန်ပုံငွေလိုအပ်ချက်၊ ပစ္စည်းလိုအပ်ချက်များ သတ်မှတ်နိုင်မည်။

(ဃ)     ငါးလုပ်ငန်းတက္ကသိုလ်ပေါ်ထွန်းလာစေရန်အတွက် လက်ရှိအခြေအနေများကို အခြေခံ၍  တည်ထောင်နိုင်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ စီမံဆောင်ရွက်မည့် လုပ်ငန်းကော်မတီများ၊ အဖွဲ့အစည်းများကို ချမှတ်နိုင်မည်။

၁၆။      အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကော်မတီမှ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်မှ ပြောကြားရာတွင် ငါးလုပ်ငန်းကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနဲ့ ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေး၊အလုပ်အကိုင်၊အခွင့်အလမ်းများပိုမိုရရှိရေး၊ကျေးလက်လူမှု့စီးပွားဘဝ

ဖွံ့ဖြိုးပြီး ဆင်းရဲမှုလျှော့ချရေးအတွက် အဆိုကိုတင်သွင်းခဲ့ခြင်းရာ ရည်ရွယ်ချက်နဲ့အညီ အဆိုတင်သွင်း အောင်မြင်ခဲ့ပါကြောင်း၊ ၊ ထိုသို့တင်သွင်းနိုင်ရေးအတွက် ၂၀၁၆ခုနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းပြီးကတည်းက ဒီနယ်ပယ်ထဲကို ကွင်းဆင်းလေ့လာ

ပြီးမှ တကယ်လိုအပ်တယ်ထင်လို့ အဆိုတင်သွင်းခဲ့ရခြင်းဖြစ်ကြောင်း၊ ရခိုင်၊ တနင်္သာရီ၊ဧရာဝတီတို့ကို သွားရောက်လေ့လာခဲ့ပါကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံရှိ ငါးလေးလံဈေးအားသွားရောက်လေ့လာခဲ့ရာ ၉၉.၉၉%သည် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများဖြစ်ကြောင်း၊ ကြည့်မြင့်တိုင်၊ စံပြငါးဈေးသို့လည်း သွားရောက်လေ့လာခဲ့ပါကြောင်း၊ ထိုသို့သွားရောက်လေ့လာရာတွင် နည်းပညာ၊ အရင်းအနှီးနှင့် ဥပဒေ ကို ပြင်ဆင်သင့်သည်ကို တင်ပြခဲ့ကြပါကြောင်း၊ ကမ်းရိုတန်းအရှည်သည်  ၂၈၃၂ ကီလိုမီတာ၊ ရေပိုင်နက် ၆၇၀၀၀၀ စတုရန်းကီလိုမီတာရှီပြီး ရေသယံဇာတအခြေအနေကောင်းများရှိပါကြောင်း၊ သဘာဝရဲ့မျက်နှာသာပေးမှုကြောင့် ရေလွှမ်းမှုဟက်တာ ၄သန်းကျော်ရှိပါကြောင်း၊ ဖမ်းဆီးရေးထက်

 

မွေးမြူရေးကို ဇောင်းပေးပြီးလုပ်ဖို့လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အင်းပေါင်း(၃၂၉၉))အင်း၊ အခွန် ကောက်ခံရရှိမှုမှာ ကျပ်သန်းပေါင်း (၈၃၀၀)ကျော်ရှိပါကြောင်း၊ ငါးပုစွန်မွေးကန်ဧက (၄၈၇၅၂၅) ကျော်

ရှိပြီး ထုတ်လုပ်မှုအနေဖြင့်  ၁၀၄၈.၆၉ မက်ထရစ်တန်ထောင်ပေါင်းထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ရေထွက် ပစ္စည်းပြည်ပတင်ပို့မှုတွင်  ထိုင်းနိုင်ငံ မှ USD Million ၇၅၀၀ ရရှိခဲ့ပါကြောင်း၊ ဗီယက်နမ်နိုင်ငံမှာ USD Million ၇၂၀၀ ရရှိခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံကဲ့သို့ မြန်မာနိုင်ငံမှာလည်း မွေးမြူရေး ဆောင်ရွက် နိုင်ခဲ့ရင် အလုပ်အကိုင်၊ အခွင့်အလမ်း၊ ဝင်ငွေများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ တစ်ချိန်းတည်းမှာပဲ စပါး၊ မတ်ပဲ၊ ပဲစင်းငုံ တို့ဆိုလျင် ဈေးကွက်ပျောက်နေပါကြောင်း၊ ငါးလုပ်ငန်းကတော့ ဈေးကွက်ရှိနေ ပြီး မထုတ်လုပ်နိုင်တာပဲရှိနေပါကြောင်း၊ ရေလုပ်ငန်းကဏ္ဍသည် အရေးကြီးကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံမှလည်း အဓိပတိတရားလေးပါးနဲ့လုပ်ရင် အောင်မြင်မှာဖြစ်သည်ဟု ပြောလေ့ရှိပါကြောင်း၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သယံဇာတပြုန်းတီးမှုကို လူသားအရင်းအမြစ်နဲ့ကြိုးစားရင် အောင် မြင်ရမယ်ဆိုတာ နိုင်ငံတော်အတိုင်ပင်ခံမှပြောကြားထားကြောင်း၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၉၀၊ ပုဒ်မခွဲ (ဂ) တွင် နိုင်ငံသားတိုင်းသည် “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမြင့်မား လာစေရန်ကြိုးပမ်းခြင်း”နှင့် အခန်း၈၊ ပုဒ်မ ၃၇၁တွင် “ နိုင်ငံတော်သည် အမျိုးသားစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် နည်းပညာ၊  စက်မှုပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန် ကူညီမည်” ဟု ဖော်ပြထားပါကြောင်း၊ Dr. Fridtjof Nansen သုတေသနဆောင်ရွက်ချက်အရ မြန်မာ့ ပင်လယ်ပြင်တွင်ငါးသယံဇာတည်ရှိမှုသည် ၁၉၈၀ ခုနှစ်ထက်စာလျင် ၉၀% လျော့နည်းသွားပါကြောင်း၊ သတ္တိရှိရှိလုပ်ငန်း လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ပြဿာနာဟာအောင်မြင်မှုလမ်းစ ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာ အကူအညီများဝင်လာမှာဖြစ်ပါကြောင်း၊ ကိုရီးယားနိုင်ငံ၊ Pukyong University မှလည်း လိုအပ်သည်များ ကူညီပေးသွားမည်ဟုပြောကြားထားပါကြောင်း၊ Ph.D  ဘွဲ့ရများလည်း မြန်မာပြည်မှာရှိနေပြီဖြစ်တဲ့အတွက် လက်ဆင့်ကမ်းပေးသွားရန်လိုအပ်ပါကြောင်း၊ ပညာရပ်တစ်ခု ဆိုတာ ပြီးပြည့်စုံတတ်မြောက်မှသာ ကောင်းပါကြောင်း၊ တက်ရောက်လာသူများ အားလုံးမှလည်း ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်ဖြစ်အောင် အောင်မြင်အောင်ဆွေးနွေးပေးစေလိုကြောင်း ဆွေးနွေးပြော ကြားခဲ့ပါသည်။

၁၇။      ဒုတိယဝန်ကြီး( ငြိမ်း) ဦးခင်မောင်အေးမှ ပြောကြားရာတွင် မြန်မာနိုင်ငံမှာ ရေလုပ်ငန်းဆိုင်ရာ နှင့်ပတ်သက်ပြီးအပိုင်း (၃)ပိုင်းနှင့်ဆွေးနွေးမှာဖြစ်ကြောင်း၊ ထိုင်း၊ ဗီယက်နမ်၊ကမ္ဘောဒီးယား၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့တွင် Faculty ရှိပြီး အိန္ဒိယနိုင်ငံတွင် Fishery University ရှိပါကြောင်း၊ မြန်မာ နိုင်ငံတွင်လည်း Fishery University တည်ထောင်ဖို့လိုအပ်ပါကြောင်း၊ ငါးလုပ်ငန်းကဏ္ဍတွင် Inland Fisheries, Marine Fisheries, Aquaculture ဟူ၍ (၃)မျိုးရှိပါကြောင်း၊ ရေသယံဇာတတည်ရှိမှု အခြေအနေများအား Dr. F. Nansen ဖြင့်တိုင်းတာမှုများပြုလုပ်ခဲ့ပါကြောင်း၊ ကုလသမဂ္ဂပင်လယ်ပြင် ဆိုင်ရာဥပဒေများအကြောင်း၊ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ(၂၄) ရက်နေ့မှ ငါးလုပ်ငန်းဦးစီးဌာနမှ Fishery University ဖြစ်ပေါ်လာရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်(မူကြမ်း) ကို တင်ပြ နိုင်ခဲ့ပါကြောင်း၊ Master plan လိုအပ်ပါကြောင်း၊ ၂၀၁၄ခုနှစ်က ငါးလုပ်ငန်းဦးစီးဌာနနှင့် TUMSAT တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ထိုးထားမှုများရှိပြီး ဆက်လက်လုပ်

 

ဆောင်ရန် လိုအပ်ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် Pukyong National University (PUNU), Korea တို့ ဆွေးနွေးသဘောတူချက်များလည်းရှိကြောင်း၊ Research fields များ လိုအပ်ပါကြောင်း၊

DOF မှာလည်း ၂၀၁၂ ခုနှစ်ကတည်းကစပြီး Diploma (1 year course) ၊ Bachelor (4 year course) များလုပ်ရန် Plan ရှိပြီးဖြစ်ပါကြောင်း၊ အလားအလာရှိတဲ့နေရာများကတော့ ငါးလုပ်ငန်း အတတ်သင်သိပ္ပံ (ကြို့ကုန်း) ၊ ဂျောင်ဝိုင်း၊ ညောင်တုန်း၊ ပုသိမ် (ရွှေသောင်ယံ)၊ နတ်ရေကန်၊ ပျဉ်းမ ပင်နှင့် စက်စဲတို့ဖြစ်ပါကြောင်း၊ အကြံပြုချက်အနေနဲ့ကတော့ လက်ရှိရှိနေတဲ့ပညာရှင်များနှင့် ပူးပေါင်း ပြီး International University များမှ အကြံဉာဏ်များ ယူသင့်ပါကြောင်း၊ Main campus အောက်မှာ Aquaculture နှင့် Marine Institute များထား သင့်ကြောင်း၊ကော်မတီဖွဲ့စည်းပြီး နည်းလမ်းဘယ်လို ဆောင်ရွက်သွားမလဲ ဆွေးနွေးသွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

၁၈။      ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ​ဒေါက်တာသီတာလေးသွယ်ပြောကြားရာတွင် ငါးလုပ်ငန်း တက္ကသိုလ်တည်ထောင်နိုင်ရေးသည် လွန်ခဲ့သည့်နှစ်များစွာကပင် ဆောင်ရွက်ရန် ရည်မှန်းခဲ့ကြသည်ဟု နားလည်ထားပါကြောင်း၊ ယခုငါးလုပ်ငန်းတက္ကသိုလ်တည်ထောင်နိုင်ရေး အကြံပြုဆွေးနွေးပွဲကျင်းပ မည့် အခမ်းအနားကို စတင်ပြီဖြစ်သဖြင့် လွန်စွာဝမ်းမြောက်မိပါကြောင်း၊ ငါးသယံဇာတသည် စားနပ်ရိက္ခာအဖြစ် လူတန်းစားအသီးသီးအတွက်အရေးပါပြီး၊ အဟာရဖြည့်တင်းမှုအတွက် အဓိက

ကျပါကြောင်း၊ ထို့အပြင် ရေထွက်ကုန်ပစ္စည်းများကို ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြား ဝင်ငွေရရှိမှုအတွက်လည်းအရေးပါပါကြောင်း၊ ကျွမ်းကျင်ဝန်ထမ်း၊ ကျွမ်းကျင်လုပ်သားများ ထွက်ပေါ် လာပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမှာဖြစ်ပါကြောင်း၊ သတ္တဗေဒဌာနသည် ငါးလုပ်ငန်းဦးစီး ဌာန၊ အဏ္ဏဝါသိပ္ပံ၊ တက္ကသိုလ်များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့်သင်ကြားရေး၊ သုတေသန ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ပြင်ပတက္ကသိုလ်များနှင့်လည်း သုတေသနပူးပေါင်းဆောင်ရွက်မှုများ ရှိပါကြောင်း၊ TUMSAT နှင့် မြန်မာ့ငါးမြင်းဆိုင်ရာသုတေသနကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုငါးလုပ်ငန်းဦးစီးဌာနမှ အရာရှိ တစ်ဦးနှင့် သတ္တဗေဒဌာနမှ Research team member လက်ထောက်ကထိကတစ်ဦး TUMSAT တွင် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ထို့အတူ Can Tho University သို့လည်း ဆရာ/ဆရာမများ၊သုတေသနကျောင်းသား/ကျောင်းသူများသင်တန်းများသွားရောက်လျက်ရှိပါကြောင်း၊ သတ္တဗေဒဌာနအနေဖြင့် TUMSAT, Tokyo University, Hokkaido University တို့နှင့် သုတေ သန ပူးပေါင်းဆောင်ရွက်မှုပြုလျက် မျိုးဗီဇလေ့လာခြင်းကိုလည်း မိမိနိုင်ငံ ၏ Fauna  များအတွက်  Record များရရန်ကြိုးစားလျက်ရှိပါကြောင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်း သူများကို

လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ သင်ကြားရေးတွင် သီအိုရီပိုင်းနည်းပြီး လက်တွေ့ပိုင်းများ တဲ့ နည်းလမ်းဖြင့် သင်ကြားရန်သင့်ကြောင်း၊ ကျောင်းသား/ကျောင်းသူများကိုယ်တိုင် သေသေချာချာ ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်းဖြင့် သီအိုရီကို ပိုမိုသဘောပေါက်နားလည်နိုင်ပြီး လက်တွေ့အသုံးပြုနိုင် မည်ဖြစ်ပါကြောင်း၊ ငါးလုပ်ငန်းတက္ကသိုလ်တည်​​ထောင်နိုင်ရေးအတွက် မိမိတို့တတ်စွမ်းသရွေ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

 

 

၁၉။      မြိတ်တက္ကသိုလ်မှ ​ဒေါက်တာညိုညိုထွန်းပြောကြားရာတွင် သယံဇာတများလျော့ပါးနေသည့် အတွက် ပြန်လည်ဖြည့်ဆည်းနိုင်မည့်နည်းလမ်းများ၊လုပ်ဆောင်မှုများ၊ လိုအပ်သည့်အတွက် သယံဇာတ ထိန်းသိမ်းရေးအပြင် မွေးမြူရေးများတိုးချဲ့လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ငါးလုပ်ငန်းတက္ကသိုလ်

တည်ထောင်နိုင်ရေးအတွက် သင်ရိုးများ (ခိုင်မာသည့်သင်ရိုးညွှန်တမ်း) ရေးဆွဲရန် လိုအပ်ပါကြောင်း၊ သင်ရိုးများတွင်သက်ဆိုင်ရာဘာသာရပ်များအားရှုထောင့်ပေါင်းစုံမှစဉ်းစားညှိနှိုင်းဆွေးနွေး၍ထည့်သွင်း ရန် လိုအပ်ပါကြောင်း၊ ဒေသလိုအပ်ချက်၊နိုင်ငံ၏လိုအပ်ချက်များကို ထည့်သွင်းရေးဆွဲသင့်ပါကြောင်း၊ သင်ကြားပေးမည့်ဆရာ/ဆရာမများသည် သက်ဆိုင်ရာဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်နှံ့စပ်ရန် အရေး ကြီးပါကြောင်း၊ဘာသာရပ်ကျွမ်းကျင်သူဖြစ်စေရေးအတွက်သက်ဆိုင်ရာဘာသာရပ်များတွင် ပြည်တွင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်များအား သင်တန်းများပို့ချစေခြင်း၊ ပြည်ပသို့သင်တန်းသားများ စေလွှတ် စေခြင်းတို့လိုအပ်ပါကြောင်း၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိရန်လိုအပ်ပါကြောင်း၊

လက်တွေ့ပိုင်းများများလုပ်ဆောင်ပြီး Internship program များလုပ်ဆောင်ပေးရန်လိုအပ်ပါကြောင်း၊ သုတေသနများပြုလုပ်ပေးရန်လိုအပ်မည်ဖြစ်ပြီး  သုတေသနရလာဒ်များသည် သင်ကြားရေး အထောက် အကူများကိုရှိစေမည်ဖြစ်ပါကြောင်း၊သင်ရိုးရေးဆွဲခြင်းနှင့်ကျွမ်းကျင်သည့်ဆရာ/ဆရာမများဖြစ်စေရေး အတွက် အချိန်ယူပြီးစီစဉ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ငါးလုပ်ငန်းတက္ကသိုလ်ဖြစ်မြောက်ရေး အတွက် လိုအပ်သည့်ဖက်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၂၀။      မော်လမြိုင်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနမှ ​ဒေါက်တာစံသာထွန်းပြောကြားရာတွင် အဏ္ဏဝါဇီဝ ဗေဒဘာသာရပ်ကို ၁၉၇၃ခုနှစ်မှစတင်၍ မော်လမြိုင်ဒီဂရီကောလိပ်တွင် တတိယနှစ်နှင့် စတုတ္ထနှစ် (၂) နှစ် သင်ကြားပို့ချခဲ့ကြောင်း၊ ၁၉၈၆ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်တွင် ပထမနှစ်မှ စတုတ္ထနှစ် (၄) နှစ် သင်ကြားပို့ချခဲ့ကြောင်း၊ သင်ရိုးတွင် Biology, Environment နှင့် Oceanography ကို အခြေခံထားပါကြောင်း၊ လက်တွေ့လုပ်ငန်းနှင့်ချိတ်ဆက်မှုအားနည်းနေသေးသဖြင့် လက်တွေ့ပိုမို လုပ်ဆောင်ရန်လိုအပ်နေပါကြောင်း၊ TUMSAT in Japan, Prince of Songkhla University in Thailand, Chulalongkorn University in Thailand  တို့နှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ သင်ရိုးညွှန်တမ်းကို ခေတ်နှင့်အညီ ဆီလျော်အောင်ပြုပြင် ရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၂၁။      ရေကြောင်းပညာတက္ကသိုလ်မှ ​ဒေါက်တာမြတ်လွင်ပြောကြားရာတွင် တည်နေရာသည်အရေး ကြီးကြောင်း၊ ငါးလုပ်ငန်းတိုးတက်ဖြစ်ထွန်းသောနေရာ၊ လက်တွေ့ကွင်းဆင်းဆောင်ရွက်ရန် လွယ်ကူ သည့်နေရာ၊ သွားလာရေးကောင်းမွန်သောနေရာများကိုသာရွေးချယ်သင့်ပါကြောင်း၊ ဖွဲ့စည်းပုံအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များကဲ့သို့ Faculty များ (သို့မဟုတ်) School များ ဖြင့်ဖွဲ့စည်းသင့်ပါကြောင်း၊

(ဥပမာ(က) School of marine resources & environment (ခ) school of fisheries and environmental studies, etc) ၊ သင်ရိုးညွှန်းတမ်းအနေဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်တွင်ရှိသော Fishery University များ၏ သင်ရိုးညွှန်းတမ်းများကို လေ့လာရေးဆွဲသင့်ပါကြောင်း၊ အဆိုပါ တက္ကသိုလ်များသို့သွားရောက်လေ့လာသင့်ပါကြောင်း၊ ပေးအပ်မည့်ဘွဲ့အမျိုးအစားများ၊ ဒီဂရီအမျိုး အစားများကို ရွေးချယ်သတ်မှတ်ထားသင့်ပါကြောင်း၊ နှစ်စဉ်လက်ခံနိုင်မည့်ကျောင်းသား/ ကျောင်းသူ

၁၀

 

ဦးရေကိုလည်းသတ်မှတ်ထားသင့်ပါကြောင်း၊ သင်ကြားရေးဆရာ/ဆရာမများအား  ပြည်ပသင်တန်း များစေလွှတ်ရန် နိုင်ငံတကာတက္ကသိုလ်များ၊အဖွဲ့အစည်းများနှင့် MOU, MOA, LOA စသည်တို့ လက်မှတ်ရေးထိုး၍ Collaboration and Cooperation များ ဆောင်ရွက်သင့်ပါကြောင်း၊ တက္ကသိုလ် တည်ဆောက်နေစဉ်ကာလအတွင်း ဆရာ/ဆရာမများ ရွေးချယ်၍ ကြိုတင်စေလွှတ်သင့်ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်၊ အဖွဲ့အစည်းများနှင့် Joint Research များ ဆောင်ရွက်သင့်ပါကြောင်း၊

လက်တွေ့ပိုင်းဆိုင်ရာများသင်ကြားနိုင်ရေးအတွက် လိုအပ်သော Lab ပစ္စည်းများကို ကြိုတင်ဖြည့်ဆီး ထားရန်နှင့် Lab in charge လေ့ကျင့်မွေးထုတ်ထားရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါ သည်။

၂၂။       ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးလှဝင်းမှ ပြောကြားရာတွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ကျင်လည်ခဲ့တဲ့ ပညာရှင်တစ်ယောက်အနေဖြင့် တင်ပြခြင်းမဟုတ်ဘဲ Fishery လုပ်သားတစ်ယောက်အနေဖြင့်တင်ပြခြင်းဖြစ်ကြောင်း၊ Fishery University ဖွင့်နိုင်ဖို့ နည်းမျိုးစုံနှင့် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ပထမဦးစွာ ဦးစီးကော်မတီကိုဖွဲ့စည်းရမှာဖြစ်ကြောင်း၊ ကော်မတီမှာ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ရေးရာကော်မတီနှင့် ဝန်ကြီးဌာနများ ပါဝင်မှာဖြစ်ကြောင်း၊ ဖြစ်မြောက်ရေးကော်မတီတွင် ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ရေးရာ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အဖွဲ့အစည်းများ ပါဝင်မှာဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီတွင် တည်ဆောက်ရေး ကော်မတီဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများ၊ အဖွဲ့အစည်းများ (NGOs)၊ စေတနာ ရှင်များ၊ ဘဏ္ဍာရေးကော်မတီဦးစီးဌာနများ၊ အဖွဲ့အစည်းများ (NGOs , INGOs)၊ စေတနာရှင်များ၊ ဘွဲ့၊သင်ကြားရေး၊ သင်ရိုးညွှန်တမ်းရေးဆွဲရေးကော်မတီ ပညာရှင်များ၊ ပါမောက္ခများပါဝင်မှာ ဖြစ်ပါ ကြောင်း၊ Fishery အဓိပ္ပာယ်ဖွင့်ဆိုချက်(၂)မျိုးရှိပါကြောင်း၊ သင်ရိုးမှာ Diploma, B.Sc, Fishery Secience ဘွဲ့ပေးမလားဆိုတာ စဉ်းစားဖို့လိုကြောင်း၊ ငါးလုပ်ငန်းတက္ကသိုလ်တည်ဆောက်မှု အဆင့် ဆင့်အနေဖြင့် ပထမအဆင့်၌ တက္ကသိုလ်များအစည်းအဝေး၊ ကော်မတီများဖွဲ့ခြင်း၊ ဘတ်ဂျက် ရယူ ခြင်း၊ ဘဏ္ဍာငွေရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးတပ်ဆင် ခြင်း၊ ဒုတိယအဆင့်အနေ၌ သတ္တဗေဒဌာန၊ တက္ကသိုလ်များ ပထမနှစ်အတန်း ပုံမှန်သင်ရိုး၊ ဒုတိယ နှစ်အတန်း ပုံမှန်သင်ရိုး၊ တတိယနှစ်အတန်း အခြေခံမစ္ဆဗေဒ (Ichthyology) ၊ စတုတ္ထနှစ်အတန်း အသုံးချငါးလုပ်ငန်း (Applied Fisheries) ၊ တတိယအဆင့်၌ ငါးတက္ကသိုလ် ပထမနှစ်/ဒုတိယနှစ် အတန်းများ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဓာတုဗေဒ၊ ဂေဟဗေဒ၊ စသည်၊ တတိယနှစ် မစ္ဆဗေဒ၊ စတုတ္ထနှစ် အသုံးချငါးလုပ်ငန်း၊ (သို့မဟုတ် ) ပထမနှစ်အတန်း သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဓာတုဗေဒ၊ ဂေဟဗေဒ၊ စသည်၊ ဒုတိယနှစ်အတန်း မစ္ဆဗေဒ၊ တတိယနှစ်နှင့် စတုတ္ထနှစ် အသုံးချငါးလုပ်ငန်း စသကဲ့သို့ စဉ်းစားဆောင်ရွက်နိုင်ရန် ဆွေးနွေးပြောကြားခဲ့ပါ သည်။

၂၃။      အဆင့်မြင့်ပညာဦးစီးဌာနမှ ဒေါက်တာသိန်းဝင်းပြောကြားရာတွင် Fishery University စတင် တည်ထောင်ရန်အတွက် Faculty (သို့မဟုတ်) Department အဖြစ် စတင်ဆောင်ရွက်သင့်ပါကြောင်း၊ ရှိပြီးသားတက္ကသိုလ်တစ်ခုခုတွင် စတင်သင့်ပါကြောင်း၊ လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ပါ ကြောင်း၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် (၄၈) ခု ရှိပြီး (၄၁) ကျောင်းတွင် သတ္တဗေဒ သင်ကြားပေးနေပါ

၁၁

 

ကြောင်း၊ Marine ကို ပုသိမ်၊မော်လမြိုင်၊စစ်တွေ၊မြိတ်တက္ကသိုလ်များတွင် သင်ကြားပေးနေပါကြောင်း၊ စစ်တွေ၌ ၂၀၁၉ခုနှစ်တွင် Marine Subject ဖွင့်ရန်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုတက္ကသိုလ် များမှာ အဆင့်မမှီသေးပါကြောင်း၊ ငါးလုပ်ငန်းတက္ကသိုလ်သည် အဆင့်မှီတဲ့တက္ကသိုလ် တစ်ခုဖြစ်ဖို့ လိုအပ်ပါကြောင်း၊ Location သည် အရေးကြီးပါကြောင်း၊ လက်ရှိတက္ကသိုလ်များသည် Location မမှန်ကန်တဲ့အတွက်ကြောင့် တိုးတက်မှုအားနည်း နေပါသေးကြောင်း၊ လက်ရှိတက္ကသိုလ်များတွင် ဘတ်ဂျတ်မပေးနိုင်ခြင်း၊ Supporting အပြည့်အဝ မပေးနိုင်သည့်အတွက် အဆင့်မှီတဲ့တက္ကသိုလ်မဖြစ် နိုင်သေးပါကြောင်း၊  သင်ရိုးညွှန်တမ်းသည် အဓိကကျပါကြောင်း၊ ASEAN, International နဲ့ Inline ဖြစ်ဖို့လိုအပ်ပါကြောင်း၊ တက္ကသိုလ်မြေနေရာရွေးချယ်လျင် မြိတ်၊ မော်လမြိုင်၊ ပုသိမ်တက္ကသိုလ်များကို ဦးစားပေး ရွေးချယ်သင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၂၄။      မြိတ်တက္ကသိုလ်၊ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာနန်းမြဟန်မှပြောကြားရာတွင် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတဆုရရှိပြီး မြိတ်တက္ကသိုလ်တွင် (၁၆)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံတွင် Human resources ဦးရေနည်းပါးနေပြီး Qualify ဖြစ်တဲ့သူများ အမြောက်အမြား လိုအပ် လျက်ရှိပါကြောင်း၊ သင်ရိုးညွှန်တမ်းများကိုလည်း နိုင်ငံခြားတက္ကသိုလ်များရဲ့ သင်ရိုးညွှန်တမ်းများကို လည်း ကြည့်ဖို့လိုပါကြောင်း၊ Inland, Marine , Aquaculture ပဲလုပ်လုပ် Climate change ကို ကြည့်ပြီးလုပ်နေရသည့်အတွက် Climate change ဘာသာရပ်ကိုလည်းထည့်သွင်းသင့်ပါကြောင်း၊ Climate change ဘာသာရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၊ Oceanography 1, 2, 3 မှလည်း ကူညီ ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ Tokyo University သည် Fishery Science ကို အသားပေးတဲ့ တက္ကသိုလ်ဖြစ်ပြီး ကူညီပေးသွားမည်ဖြစ်ကြောင်း၊ Ecotorism လည်း စီးပွားရေးတစ်ခုအနေဖြင့် ဝင်ရောက်လာနေပြီဖြစ်သည့်အတွက် ဥပဒေ၊ ကန့်သတ်ချက်များလိုအပ်လာပြီဖြစ်ပါကြောင်း၊ ငါးအစာ စမ်းသပ်မည့် Quality lab များလည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့များဖွဲ့စည်းရန်လိုအပ် ပါကြောင်း၊ ဖြစ်မြောက်ရေးကော်မတီတွင် M.Sc, Ph.D ဘွဲ့ရများဖြစ်ရန်လိုအပ်ပြီး ဦးစီးမှုအောက် တွင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၂၅။      မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဝင်းကြိုင်ပြောကြားရာတွင် ကဏ္ဍတိုင်းတွင် လူစွမ်းအား အရင်းအမြစ်သည်အလွန်အရေးကြီးပါကြောင်း၊ လက်ရှိငါး၊ပုစွန်မွေးကျွမ်းကျင်သူရှားပါးနေပါကြောင်း၊ မြိတ်မြို့၊ ပြည့်ဖြိုးထွန်းကုမ္ပဏီမှ ရေငန်ပုစွန်မွေးမြူနေပြီးထိုင်းနိုင်ငံမှ ပညာရှင်ငှားထားရာ တစ်နှစ် သိန်း ၇၀၀ ခန့်ရရှိနေကြောင်း၊  လုပ်ငန်းရှင်များသည် ရင်နှီးမြှုပ်နှံမှုသာတတ်နိုင်ပြီး နည်းပညာပိုင်း

ကျွမ်းကျင်မှုမရှိသဖြင့် လူစွမ်းအားအရင်းအမြစ်လိုအပ်ပါကြောင်း၊ Fishery Unicersity ကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ပေးပါရန် တင်ပြလိုကြောင်း၊ ဗီယက်နမ်နိုင်ငံရှိ Kanto University နှင့်

ဖိလစ်ပိုင်နိုင်ငံရှိ College of Fishery တို့တွင် လက်တွေ့အသုံးချဘာသာရပ်ကို အဓိကသင်ကြားပေး လျက်ရှိပြီး၊ နိုင်ငံတကာအကူအညီအမြောက်အမြားရရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊အဆင့်မြင့်ဖမ်းဆီး ရေးနှင့်ပတ်သက်၍ သင်ကြားမှုမရှိသေးသည့်အတွက် မဖြစ်မနေထည့်သွင်းသင့်ပါကြောင်း၊ တရုတ်တွင်  (၄)နှစ်သင်ပြီး (၁)နှစ်လက်တွေ့သင်ပေးပြီးမှ ဘွဲ့ပေးဖြင်းကြောင့် ပိုမိုထိရောက်ပါကြောင်း၊ USAID မှာ Farmer to Farmer Program  လုပ်နေပြီး Aquaculture to Economy ဘာသာရပ်တစ်ခုကိုလည်း

၁၂

 

သင်ကြားပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၂၆။      ပညာရှင် ဒေါက်တာစန်းအောင်မှပြောကြားရာတွင် University ဖွဲ့စည်းလျင် Research Institute နှင့် College တစ်ခါတည်းပြုလုပ်ရန်ဖြစ်ကြောင်း၊ Location သည်အရေးကြီးကြောင်း၊ ရန်ကုန်တွင် ရေချို၊ ရေငန်နှစ်ခုစလုံးရှိသည့်အတွက် အကောင်းဆုံးဖြစ်ကြောင်း၊ Aquaculture, marine, Resource management, Resource monitoring, Fishery biotechnology များလိုမည်ဖြစ်ပါကြောင်း၊ Teaching facility များလိုမည်ဖြစ်ပါကြောင်း၊ Marine မှာ Fishing method အရေးကြီးပါကြောင်း၊ Research & Training method လိုအပ်ပါကြောင်း၊ Laboratory  လိုအပ်ပါကြောင်း၊ ကြုံကြိုက်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၂၇။      ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးခင်ကိုလေးမှ ပြောကြားရာတွင် Data လိုအပ်ပြီး Data ရမှ Policy ချမှတ်နိုင်ပြီး မှန်ကန်စွာဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ ငါးထုတ်လုပ်မှုအနေဖြင့် ရေငန်မှာ အဆင့်(၁၀)ရှိပါကြောင်း၊ ကမ္ဘာ့တွင် ရေငန်ငါးထုတ်လုပ်မှုမှာ 93.3 Million Mt ၊ ရေချိုငါးထုတ်လုပ်မှုမှာ 83.3 Million Mt ဖြစ်ပြီး Aquaculture မှ ၄၄% ပါဝင်နေကြောင်း၊ Aquaculture သည် အရေးကြီးပါကြောင်း၊ တရုတ်ထုတ်လုပ်မှုသည်အများဆုံး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံငါးထုတ်လုပ်မှုစာရင်းအား Review ပြန်လုပ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ငါးထုတ်လပ်မှုတိုးတက်ရန် Fishery University လိုအပ်လာပြီဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

၂၈။      ငါးလုပ်ငန်းတက္ကသိုလ်(Fishery University) တည်ထောင်နိုင်ရေးအတွက် အကြံပြုဆွေးနွေးပွဲ” တွင် အောက်ပါခေါင်းစဉ်များအတိုင်း အဖွဲ့ (၄) ဖွဲ့ဖြင့် ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးပွဲရလာဒ်များအား ပူးတွဲ (ခ) ဖြင့် တင်ပြအပ်ပါသည်။

            (က)     အခြေခံလိုအပ်ချက်နှင့် ဖွဲ့စည်းဆောင်ရွက်ပုံအဆင့်ဆင့် (အဖွဲ့ ၁)

(ခ)       သင်ကြားရေးနှင့်ဘာသာရပ်ဆိုင်ရာသင်ရိုးညွှန်းတမ်း (အဖွဲ့၂)

 (ဂ)      ဆရာ/ဆရာမ၊ နည်းပြ (ပြည်တွင်း/ပြည်ပ) လိုအပ်ချက်နှင့် သင်ထောက်ကူလိုအပ်ချက်

         (အဖွဲ့ ၃)

(ဃ)     လက်ရှိဆောင်ရွက်နေသည့်အခြေအနေအပေါ်တိုးချဲ့ဆောင်ရွက်နိုင်မည့်အစီအမံ (အဖွဲ့ ၄)

 

၂၉။      နိဂုံးချုပ်အနေဖြင့် အကြံပြုဆွေးနွေးပွဲကို ငါးလုပ်ငန်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်မှ ကျေးဇူးတင် စကားပြောကြားပြီး ဆွေးနွေးပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

Vision

Sustainable development of fisheries sector for food security, improvement of the socio-economic of rural people and contribution to the economic development of the nation based on fisheries industry.

 

Policy

Ensuring  food  security,  food  safety  and  sustainable  development  of fisheries  sector  by  conservation  of  fisheries  resources  in  accordance  with  the fisheries laws.

Department of Fisheries

+49 555 000 000
hello@gmail.com
support@gmail.com