Aqua-DST ကို အသုံးပြု၍ မြန်မာပြည်အထက်ပိုင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့နိုင်ရန် အလားအလာ ရှိသော နေရာများကို ရှာဖွေခြင်း
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသများတွင် ရာသီဥတုပြောင်းလဲခြင်းများကြောင့် ဖြစ်ပေါ်လာသော ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ် များကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ အဆိုပါ ရာသီဥတုပြောင်းလဲခြင်းကြောင့် တစ်ဖက်တွင်လည်း ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများတွင် သက်ရောက်မှု များ ရှိစေပြီး ဒေသတွင်း အသားဓါတ်ကြွယ်ဝစွာရရှိစေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချစေရေး အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဟန့်အတားများ ဖြစ် ပေါ်စေလျက်ရှိပါသည်။ သို့ရာတွင် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရေးအတွက် ငါးမွေးမြူခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် ငါးကန်များတူးဖော်ရာတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် လူမှုစီးပွားရေးဆိုင်ရာအချက်အလက်များကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက (တစ်ခါတစ်ရံတွင်) လုံလောက်ထိရောက်မှုမရှိခြင်းနှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။ ထိုသို့သော အကြောင်းအရာများကို ပေါင်းကူးဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ သိပ္ပံနည်းကျ သင့်တော်မှုနှုန်း ဆန်းစစ်မှုများမှတစ်ဆင့် ရေရှည်တည်တံ့သော ငါးမွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များကို လမ်းပြနိုင်ရန် စွမ်းဆောင်ရည်မြင့်မား၍ သုံးစွဲသူများ လွယ်ကူအဆင်ပြေစွာ အသုံးပြု နိုင်သည့် ငါးမွေးမြူရေးဆိုင်ရာ ဆုံးဖြတ်ချက် အထောက်အကူပြုအချက်အလက်များ (Aqua-DST) ဒက်ရှ်ဘုတ်ကို ဖန်တီးခဲ့ပါသည်။