စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဌာနစု၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ အနောက် ကြို့ကုန်းရှိ ငါးလုပ်ငန်းသင်တန်းကျောင်း (ကြို့ကုန်း) တွင် “အခြေခံကွန်ပျူတာနှင့် Google AI အသုံးပြုနည်း သင်တန်း” ( Microsoft Office Beginner and Google AI Training ) ကို ၂၀၂၅ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦစီး ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ငါးလုပ်ငန်းသင်တန်းကျောင်း (ကြို့ကုန်း) သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းတွင် ငါးလုပ်ငန်း ဦးစီးဌာနမှ ဌာနတွင်းဝန်ထမ်း သင်တန်းသား ကျား(၆) ဦးနှင့် သင်တန်းသူ မ(၁၁) ဦး၊ စုစုပေါင်း (၁၇) ဦး တက်ရောက် သင်ကြားလျက် ရှိပါသည်။ သင်တန်းကို ငါးလုပ်ငန်း ဦးစီးဌာန စာကြည့်တိုက်နှင့် ကွန်ပျူတာဌာနစုမှ ဒုတိယဦးစီးမှူး ဒေါ်ဝိုင်းမှိန်က ဦးဆောင်၍ ဒေါ်သဥ္ဇာလွင် (ဒုတိယဦးစီးမှူး)နှင့် ဒေါ်သူဇာအောင် (လက်ထောက်ဦးစီးမှူး) တို့က အကူသင်တန်းဆရာမများအဖြစ် စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွား မည်ဖြစ်ပြီး သင်တန်း ကာလမှာ ၂၀၂၅ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
ငါးလုပ်ငန်းသင်တန်းကျောင်း (ကြို့ကုန်း)