လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်ပို့ချမှု
ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)ဖွင့်လှစ်ပို့ချမှု
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းလိုအပ်ချက်အရ ခန့်ထားခဲ့သော ဝန်ထမ်းသစ်(၂၇)ဦးတို့အား လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၆)ကို ရုံးအမှတ်(၃၆)ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးဗဟိုဌာန (VMS Control Center)တွင် (၂၀-၇-၂၀၂၆)ရက်နေ့မှ (၂၄-၇-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
အဆိုပါ သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနတွင် အတည်ပြုခန့်ထားခဲ့သော ဝန်ထမ်းအသစ်များအနေဖြင့် ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဌာန၏လုပ်ထုံးလုပ်နည်း၊ ဥပဒေများ၊ ရုံးလုပ်ငန်းဆိုင်ရာ သဘောသဘာဝများနှင့် ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများကို သိရှိပြီး လုပ်ငန်းခွင်တွင်အံဝင်ခွင်ကျဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀-၇-၂၀၂၆)ရက် (တနင်္လာနေ့) နံနက် (၀၉:၃၀) နာရီအချိန် တွင် VMS Control Center ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်အပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူစုစုပေါင်း(၄၄)ဦးတက်ရောက်ခဲ့ပါသည်။
သင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့၏ ဦးဆောင်မှုနှင့်အတူ အောက်ဖော်ပြပါအရာထမ်းများမှ သင်ခန်းစာများ သင်ကြားပို့ချခဲ့ပါသည်-
(က) ရေချို/ရေငန်ငါးပုစွန်မွေးမြူရေးအကြောင်း (ဒေါက်တာအောင်နိုင်ဦး၊ ညွှန်ကြားရေးမှူး)
( ခ) ငါး/ပုစွန်မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာကျင့်သုံးသင့်သည့် နည်းလမ်းများ (ဒေါ်မြမြဆင့်၊ ဒုတိယညွှန်ကြားရေးမှူး)
( ဂ ) ရေထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်သည့် ပို့ကုန်/သွင်းကုန်ဆိုင်ရာအကြောင်း (ဒေါက်တာထွန်းသိန်း၊ ညွှန်ကြားရေးမှူး)
(ဃ) ရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဆိုင်ရာအကြောင်း (ဒေါ်သီတာမိုး၊ ဒုတိယညွှန်ကြားရေးမှူး)
( င ) နိုင်ငံတကာစီမံကိန်းနှင့် ပညာသင်ကြားရေးဆိုင်ရာအကြောင်း (ဒေါ်လှလှဌေး၊ ဦးစီးအရာရှိ)
( စ ) တရားမဝင်ငါးဖမ်းဆီးခြင်းဆိုင်ရာအကြောင်း (ဦးလွှမ်းမိုးဇော်၊ ညွှန်ကြားရေးမှူး)
(ဆ) ငါးလုပ်ငန်းဆိုင်ရာဥပဒေများအကြောင်း (ဒေါ်စိုးထက်ထက်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး)
( ဇ ) ဘဏ္ဍာရေးဆိုင်ရာအကြောင်း (ဒေါ်ညိုညိုအေး၊ ညွှန်ကြားရေးမှူး)
( ဈ ) ဌာနတွင်းစာရင်းစစ်နှင့် စာရင်းစစ်ကန့်ကွက်ချက်များအကြောင်း (ဦးမျိုးမင်း၊ ဒုတိယညွှန်ကြားရေးမှူး)
(ည) ငါးလုပ်ငန်းဆိုင်ရာ စာရင်းအင်း၊ အချက်အလက်များအကြောင်း (ဒေါ်မြင့်မြင့်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး
( ဋ) ရေချို/ရေငန် ငါးသယံဇာတဆိုင်ရာအကြောင်း (ဦးဇော်ထွန်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး)
( ဌ ) ငါးရောဂါဆိုင်ရာအကြောင်း (ဒေါ်ရီရီချို၊ လက်ထောက်ညွှန်ကြားရေးမှူး)
( ဍ ) မြစိမ်းရောင်ကျေးရွာ(ငါးကဏ္ဍ)စီမံကိန်းအကြောင်း (ဒေါ်မြမြဆင့်၊ ဒုတိယညွှန်ကြားရေးမှူး)
( ဎ ) စီမံရေးရာနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအကြောင်း (ဦးညွန့်ခင်၊ ညွှန်ကြားရေးမှူး)
(ဏ) ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းချုပ်ခြင်းအကြောင်း (ဦးမင်းမင်းစိုး၊ ဒုတိယညွှန်ကြားရေးမှူး)
လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)သို့ တက်ရောက်ခဲ့သည် သင်တန်းသား/ သင်တန်းသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် | အမည် | ရာထူး | ဌာန | မှတ်ချက် |
|---|---|---|---|---|
၁ | ဒေါ်ခိုင်ဇာဝင်း | ဒု-လ/ထဦးစီးမှူး | မွေးမြူရေးဌာနခွဲ | ငါးသိပ္ပံ |
၂ | ဒေါ်ထိပ်ထားလှိုင် | ဒု-လ/ထဦးစီးမှူး | ကြီးကြပ်အခွန် | ငါးသိပ္ပံ |
၃ | ဦးဇော်မင်းခိုင် | ဒု-လ/ထဦးစီးမှူး | ဖွံ့ဖြိုး/သုတေ | ငါးသိပ္ပံ |
၄ | ဦးကောင်းထက်လွင် | လက်ထောက်နည်းပြ | ငါးသိပ္ပံ (တွံတေး) | ငါးသိပ္ပံ |
၅ | ဦးဇင်လင်းအောင် | လက်ထောက်နည်းပြ | ငါးသိပ္ပံ (တွံတေး) | ငါးသိပ္ပံ |
၆ | ဒေါ်နန္ဒာစိုး | လက်ထောက်နည်းပြ | ငါးသိပ္ပံ (တွံတေး) | ငါးသိပ္ပံ |
၇ | ဒေါ်နန္ဒာဝင်း | လက်ထောက်နည်းပြ | ငါးသိပ္ပံ (တွံတေး) | ငါးသိပ္ပံ |
၈ | ဒေါ်ရတနာရှန် | လက်ထောက်နည်းပြ | ငါးသိပ္ပံ (တွံတေး) | ငါးသိပ္ပံ |
၉ | ဒေါ်သင်းပပ | လက်ထောက်နည်းပြ | ငါးသိပ္ပံ (တွံတေး) | ငါးသိပ္ပံ |
၁၀ | ဒေါ်သန့်ဇင်ဖြိုး | လက်ထောက်နည်းပြ | ငါးသိပ္ပံ (တွံတေး) | ငါးသိပ္ပံ |
၁၁ | ဦးသီဟအောင် | လက်ထောက်နည်းပြ | ငါးသိပ္ပံ (တွံတေး) | ငါးသိပ္ပံ |
၁၂ | ဒေါ်နန်းဝိုလောဝ် | ဒု-လ/ထဦးစီးမှူး | လင်းခေးခရိုင် | ငါးသိပ္ပံ |
၁၃ | ဒေါ်လင်းစန္ဒီဦး | ဒု-လ/ထဦးစီးမှူး | နတ်ရေကန်စခန်း | ငါးသိပ္ပံ |
၁၄ | ဦးဖြိုးသုတ | ဒု-လ/ထဦးစီးမှူး | သာပေါင်းမြို့ | ငါးသိပ္ပံ |
၁၅ | ဦးမင်းခန့်ကျော် | ဒု-လ/ထဦးစီးမှူး | မကွေးမြို့သစ်စခန်း | ငါးသိပ္ပံ |
၁၆ | ဦးမိုးထက်လျှံနိုင် | ဒု-လ/ထဦးစီးမှူး | ဝါးခယ်မမြို့နယ် | ငါးသိပ္ပံ |
၁၇ | ဒေါ်သိမ့်စန္ဒီလင်း | ဒု-လ/ထဦးစီးမှူး | ကျောက်ဆည်ခရိုင် | ငါးသိပ္ပံ |
၁၈ | ဒေါ်နှင်းရွှေစင် | ဒု-လ/ထဦးစီးမှူး | ဖွံ့ဖြိုး/သုတေ | ငါးသိပ္ပံ |
၁၉ | ဒေါ်ဝင်းလဲ့လဲ့ကျော် | ဒု-လ/ထဦးစီးမှူး | ကြီးကြပ်အခွန် | ငါးသိပ္ပံ |
၂၀ | ဦးအောင်ဆုပိုင် | လက်ထောက်ဦးစီးမှူး | စီမံရေးရာဌာနစု | နတလ |
၂၁ | ဒေါ်ချဉ်မေဦး | လက်ထောက်ဦးစီးမှူး | စီမံရေးရာဌာနစု | နတလ |
၂၂ | ဒေါ်ယမင်းပြည်စိုး | လက်ထောက်ဦးစီးမှူး | စီမံရေးရာဌာနစု | နတလ |
၂၃ | ဦးဇင်မင်းသူ | ဒု-လ/ထဦးစီးမှူး | ဖွံ့ဖြိုး/သုတေ | အသစ်ခန့် |
၂၄ | ဒေါ်ဆန်းမီမီထွန်း | ဒု-လ/ထဦးစီးမှူး | ဖွံ့ဖြိုး/သုတေ | အသစ်ခန့် |
၂၅ | ဦးပြည့်စုံကိုကို | အငယ်တန်းစာရေး | ဘဏ္ဍာရေးဌာနစု | အသစ်ခန့် |
၂၆ | ဒေါ်မျိုးသီရိအေး | အငယ်တန်းစာရေး | ထပရ(ရုံးချုပ်) | အသစ်ခန့် |
၂၇ | ဦးအောင်မျိုးခန့် | အငယ်တန်းစာရေး | ဘဏ္ဍာရေးဌာနစု | အသစ်ခန့် |
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို (၂၄-၇-၂၀၂၆)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး က သင်တန်းဆင်းမိန့်ခွန်းပြောကြား၍ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် အပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် သင်တန်းဆင်း လက်မှတ်များအား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပေးအပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ များကိုယ်စား ဦးအောင်ဆုပိုင်၊ လက်ထောက်ဦးစီးမှူးမှ လက်ခံရယူခဲ့ပါသည်။
