အဓိကအကြောင်းအရာသို့ သွားမည်
x

ပင်လယ်ငါးသယံဇာတစီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခြင်း

မြိတ်မြို့၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်

တနင်္သာရီတိုင်းဒေသကြီး၏ ပင်လယ်ငါးသယံဇာတများ ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေး အတွက် "ပင်လယ်ငါးသယံဇာတ စီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ" အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက် (စနေနေ့)၊ မနက် ၉:၀၀ အချိန်တွင် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပြီး  - တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် အဖွဲ့ဝင်များ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊  တပ်မတော်(ရေ)၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ  မြိတ်တက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ တနင်္သာရီတိုင်းဒေသကြီး/ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် စာတမ်း ဖတ်ကြားမည့်သူများ ၊ ဒေသခံရေလုပ်ငန်းရှင်များ စုစုပေါင်း (၆၇)ဦး တက်ရောက်ခဲ့ပါသည်။

ယခု အလုပ်ရုံဆွေးနွေးပွဲအား (၃-၈-၂၀၂၅)ရက်နေ့မှ (၄-၈-၂၀၂၅)ရက်နေ့ထိ (၂)ရက်တာ ကျင်းပ သွားမည်ဖြစ်ပြီး စာတမ်းရှင် (၁၄)ဦးမှ စာတမ်း (၁၅)စောင်အား အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်ဖြစ်သော "တနင်္သာရီတိုင်းဒေသကြီး၏ အဏ္ဏဝါအနာဂတ် အပြာရောင် စီးပွားရေး၊ ဂေဟစနစ်ထိန်းသိမ်းရေး နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် လူမှုစီးပွားမြှင့်တင်ရေး" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပင်လယ်ငါး လုပ်ငန်းကဏ္ဍ၏ စိန်ခေါ်မှုများ၊ ဖြေရှင်းနည်းများနှင့် အနာဂတ်လုပ်ငန်းစဉ်များကို စာတမ်းဖတ်ကြားသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာမည့် အကြံပြုချက်များကို အခြေခံ၍ ငါးလုပ်ငန်းကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးရေးအတွက် ဥပဒေနှင့်အညီ မူဝါဒများ ချမှတ်သွားမည်ဖြစ်ပါသည်။